ပြည်လုံးကျွတ်အဆင့် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ၂၀၁၄ ခုနှစ် မတ် ၃၀ မှ ဧပြီ ၁၀ ရက်နေ့အထိ ၁၂ ရက်ကြာ ကောက်ယူမည် ဖြစ်ကြောင်း သိရသည်။ ယင်းလုပ်ငန်းစဉ်နှင့် စပ်လျဉ်း၍ ရှင်းလင်းပွဲတရပ်ကို ယမန်နေ့က ကျင်းပရာ သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် တာဝန်ရှိသူများ တက်ရောက်ကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ၌ ဖော်ပြထားသည်။ မြန်မာနိုင်ငံ၌ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို ၁၈၉၁ ခုနှစ် မှ စတင် ဆောင်ရွက်ခဲ့ကြောင်း၊ ၁၉၄၁ ခုနှစ်အထိ ၁၀ နှစ် ၁ ကြိမ် ပုံမှန်ကောက်ယူခဲ့ကြောင်း၊ လွတ်လပ်ရေး ရပြီးနောက်ပိုင်း တနိုင်ငံလုံး ပြည့်စုံသော သန်းခေါင်စာရင်းကို ၁၉၇၃ ခုနှစ်တွင် တကြိမ်၊ ၁၉၈၃ ခုနှစ်တွင် တကြိမ် ကောက်ယူခဲ့ကြောင်း၊ ၁၉၇၃ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၂၈ ဒသမ ၉၂ သန်းရှိပြီး ၁၉၈၃ ခုနှစ်တွင် လူဦးရေ ၃၅ ဒသမ ၃၀ သန်း ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းစဉ်များအတွက် အမေရိကန်ဒေါ်လာ ၅၈ ဒသမ ၅ သန်းကုန်ကျမည် ဖြစ်ပြီး နိုင်ငံတော်မှ အမေရိကန်ဒေါ်လာ ၁၅ သန်း အကုန်အကျခံမည်ဖြစ်ကာ ကုလသမဂ္ဂနှင့် နိုင်ငံတကာ၏ ကူညီပံ့ပိုးပေးမှုဖြင့် ဆောင် ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။