မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF) နှင့် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော် မတီတို့ ယနေ့ ရန်ကုန်မြို့ရှိ ငြိမ်းချမ်းရေး စင်တာ၌ တွေ့ဆုံသည်။ ယင်းသို့ တွေ့ဆုံရာတွင် အစိုးရနှင့် ABSDF အကြား အပစ် အခတ် ရပ်စဲရေး အတွက် ပြည်နယ်အဆင့် သဘောတူ လက်မှတ် ရေးထိုးကြောင်း သိရသည်။ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလအတွင်း ကလည်း ABSDF ကိုယ်စားလှယ်များသည် ပထမဆုံးအကြိမ် ပြည်တွင်းသို့ သွားရောက်၍ အစိုးရနှင့် တွေ့ဆုံခဲ့သေးသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။