သမ္မတ အကြံပေး အဖွဲ့တွင် စီးပွားရေး အကြံပေး နှစ်ဦးနှင့် ဥပဒေ အကြံပေး ၁ ဦး ခန့်အပ်ကြောင်း နှင့် နိုင်ငံရေး အကြံပေး ၁ ဦး ကို အနားပေးခြင်းများ ပြုလုပ်ကြောင်း သိရသည်။ ဒေါက်တာ အောင်ထွန်းသက် နှင့် ဒေါက်တာ ဇော်ဦးကို စီးပွားရေး အကြံပေး အဖွဲ့ဝင်အဖြစ် လည်းကောင်း၊ ဦးဉာဏ်နိုင်ဝင်းကို ဥပဒေ အကြံ ပေး အဖွဲ့ဝင်အဖြစ် လည်းကောင်း ခန့်အပ် လိုက်ကြောင်း၊ ဦးရဲတင့် အား နိုင်ငံရေး အကြံပေးမှ အနားပေးလိုက်ကြောင်း သြဂုတ်လ ၇ ရက်စွဲဖြင့် ပြည်ထောင်စု အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဇော်သန်းသင်း ၏ လက်မှတ်ဖြင့် အစိုးရ သတင်းစာများတွင် ထုတ်ပြန်ထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။