တဦးချင်းအလိုက် ကားသွင်းကုန်ပါမစ်များ ထုတ်ပေးလျက်ရှိရာ ယခုနှစ် သြဂုတ် ၁ ရက်မှ ၆ ရက်အတွင်း စုစုပေါင်း မော်တော်ယာဉ် ၂၃၃၄၄ စီးကို သွင်းကုန်ပါမစ် ထုတ်ပေးပြီး ဖြစ်ကြောင်း သိရသည်။ သွင်းကုန်ပါမစ်မှာ အမေရိကန် ဒေါ်လာ ၁၆၂ ဒသမ ၉၀၄ သန်း တန်ဖိုးရှိကြောင်း ကုန်သွယ်ရေး ညွှန်ကြားမှုဦးစီဌာန၊ သွင်းကုန်လုပ်ငန်း ဌာနခွဲ မော်တော်ယာဉ်ပါမစ် ထုတ်ပေးရေးဌာနစိတ်၊ ရန်ကုန်တိုင်းဒေသကြီးရုံး ထုတ်ပြန်ချက်ကို ကိုးကား၍ မြန်မာ့အလင်း သတင်းစာက ဖော်ပြသည်။ မြန်မာတနိုင်ငံလုံးတွင် ပြီးခဲ့သည့် ဇွန်လအထိ မော်တော်ယာဉ် အစီးရေ ၃၇၉၂၂၂၀ ရှိပြီး ရန်ကုန်မြို့တွင် ယာဉ်စီးရေ ၄ သိန်းကျော်ရှိကာ မော်တော်ဆိုင်ကယ်စီးရေ ၁၂၀၀၀၀ ရှိကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။