နေပြည်တော်၌ အမေရိကန်-မြန်မာ လူကုန်ကူးမှုဆိုင်ရာ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးမှု ကျင်းပသည်။ သြဂုတ် ၁ ရက်က ကျင်းပသော ယင်းဆွေးနွေးပွဲ၌ လူကုန်ကူးမှု ခေါင်းစဉ်အောက်တွင် အဓမ္မအလုပ် ခိုင်းစေခံရခြင်း၊ လိင်အရောင်းအဝယ် ပြုလုပ်ခြင်း၊ ဥပဒေနှင့် မညီသည့် လုပ်ဆောင်ခြင်းများ ပါဝင်သည့် အပြင် ကလေးများကို စစ်သားအဖြစ် စုဆောင်းခြင်းများ ပါဝင်ကြောင်း၊ ပြစ်မှုကျူးလွန်မှုများနှင့် ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံဆိုင်ရာ လူကုန်ကူးမှု စောင့်ကြည့်လေ့ လာရေးနှင့် တားဆီးနှိမ်နင်းရေး သံအရာရှိ Luis Cde Baca နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အကြီးအကဲ ဗိုလ်ချုပ်ဇော်ဝင်းတို့ ဦးဆောင် ဆွေးနွေးကြောင်း ယနေ့ထုတ်ပြန်သည့် အမေရိကန် သံတမန်ရေးရာ ထုတ်ပြန်ချက်အရ သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။