မြန်မာနိုင်ငံ ဆိုင်ရာ ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်ရေး အထူး ကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေး ကင်တာနာက ယနေ့တွင် မြန်မာနိုင်ငံခရီးစဉ် ပြီးဆုံး၍ ရန်ကုန်လေဆိပ်၌ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။ ၎င်း၏ ၁၀ ရက်ကြာ ခရီး စဉ်အတွင်း ရခိုင်ပြည်နယ်သို့ သွားရောက်စဉ် ကန့်ကွက် ဆန္ဒပြခြင်း ခံခဲ့ရပြီး ကချင်ပြည်နယ်အစိုးရအဖွဲ့က လိုင်ဇာသို့ သွားရောက် ခွင့်လည်း မပြုခဲ့သည့် အပြင် မိတ္ထီလာမြို့တွင်လည်း ထောင်နှင့်ချီသည့် လူအုပ်ကြီးက ကန့်ကွက်ခဲ့ကြောင်း ဒေသခံများက ပြော သည်။ ကင်တာနာသည် ယမန်နေ့က အစိုးရအဖွဲ့နှင့် တွေ့ဆုံခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံခဲ့ကြောင်း သိရသည်။ ၎င်းသည် သြဂုတ်လ ၁၁ ရက်က မြန်မာနိုင်ငံ ခရီးစဉ်ကို စတင်ခဲခြင်း ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။