ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေး ကင်တာနာ က မိတ္ထီလာ မြို့တွင် ကြုံခဲ့ရသည့် တိုက်ခိုက်ခံရမှုနှင့် ပတ်သက်သည့် လုံခြုံရေးဆိုင်ရာ စွပ်စွဲချက်သည် နားလည်မှု လွဲမှားခြင်း ဖြစ်သည်ဟု အစိုးရက တုံ့ပြန်လိုက်သည်။ သြ ဂုတ်လ ၁၉ ရက် ည ၁၀ နာရီ ခွဲခန့်က ကင်တာနာ မိတ္ထီလာမြို့သို့ ရောက်ရှိခဲ့ရာ အင်အား ၂၀၀ ခန့်ရှိ လူအုပ်စုက ၎င်းစီးလာသည့် ကားမှန် နှင့် ကားတံခါးများကို ကန်ကျောက် ရိုက်ပုတ်မှုများ ပြုလုပ်ခဲ့သော်လည်း ရဲတပ်ဖွဲ့က အကာအကွယ် မပေးခဲ့ကြောင်း ပြောဆိုမှုနှင့် ပတ်သက်၍ ပြန်ကြားရေး ဝန်ကြီးဌာန ဒု ဝန်ကြီး ဦးရဲထွဋ်က ည အမှောင် အခြေ အနေကို လွဲမှားနားလည်မှု ဖြစ်နိုင်ကြောင်း ပြန်လည် ရှင်းလင်း ပြောကြားထားသည်။ မစ္စတာ ကင်တာနာသည် သြဂုတ် ၁၁ ရက်မှ ၂၁ ရက်အထိ မြန်မာနိုင်ငံသို့ ၁၀ ရက်ခရီး လာရောက်ခြင်း ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။