ထိုင်းနိုင်ငံ Siam ဘိလပ်မြေ လုပ်ငန်းသည် မြန်နိုင်ငံတွင် ဘတ် ၁၂ ဒသမ ၄ ဘီလီယံ (အမေရိကန် ဒေါ်လာ ၃၈၈ သန်း) ခန့် အကုန်အကျခံ ရင်းနှီးမြှုပ်နှံ၍ ဘိလပ်မြေစက်ရုံ တည်ဆာက်မည် ဖြစ်ကြောင်း The Economic Times သတင်းတရပ်၌ ဖော်ပြ ထားသည်။ ယင်းသည် မြန်မာပြည်တွင် ပထမဆုံး တည်ဆောက်မည့် အစီအစဉ်ဖြစ်ပြီး တနှစ်လျှင် တန်ပေါင်း ၁ ဒသမ ၈ သန်း ထုတ်လုပ်နိုင်မည်ဟု ခန့်မှန်းကြောင်း၊ စက်ရုံ တည်ဆောက်မည့် အစီအစဉ်သည် ၂၀၁၆ ခုနှစ် နှစ်လယ်ခန့်တွင် စတင်နိုင်မည်ဟု ခန့်မှန်းကြောင်း ကုမ္ပဏီ၏ထုတ်ပြန်ချက်၌ ပါရှိသည်။ မြန်မာနိုင်ငံ၏ ဘိလပ်မြေ လိုအပ်ချက်သည် နောင်လာမည့် ၅ နှစ်အတွင်း ၁၀ ရာခိုင်နှုန်းကျော် ရှိလာမည်ဖြစ်ပြီး ပြီးခဲ့သည့်နှစ်က မြန်မာနိုင်ငံ၏ ပြည်တွင်း ဝယ်လိုအားသည် တန်ချိန် ၄ သန်းကျော် ရှိခဲ့ကြောင်း သိရသည်။ Siam ဘိလပ်မြေ လုပ်ငန်းသည် အရှေ့တောင် အာရှတွင် ဒုတိယ အကြီးဆုံး ဘိလပ်မြေ လုပ်ငန်းဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။