ပြန်ကြားရေးဝန်ကြီးဌာနက ရေးဆွဲထားသော ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်း ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်က ယနေ့ အတည်ပြု လိုက်ပြီး ပြန်ကြားရေး ဝန်ကြီးဌာနက ရေးဆွဲထားသော ပြဋ္ဌာန်းချက်များကို အနည်း ငယ်သာ ပြင်ဆင် အတည်ပြုလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။ သတင်းမီဒီယာလုပ်ငန်းများသည် ပြန်ကြားရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ရရှိရန် မှတ်ပုံတင်ရမည်ဖြစ်ပြီး ပြန်ကြားရေးဝန်ကြီးဌာန ခွင့်ပြုချက်မရှိဘဲ သတင်းစာနှင့် သတင်းမီဒီယာလုပ်ငန်းများ လုပ်ကိုင်ခွင့်မရှိ ဆိုသော ပြဋ္ဌာန်းချက်ပါဝင်သော ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်း ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်က အတည်ပြုခဲ့ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ဆိုသည်။ “သတင်းမီဒီယာ လုပ်ငန်းတွေ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ မှတ်ပုံတင်ခွင့်ပြုချက်ရယူမယ်ဆိုတဲ့ ပတ်သက်တဲ့ ပြဋ္ဌာန်းချက်တွေကိုတော့ မပြင်ဆင်နိုင်ခဲ့ဘူး။ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်နဲ့ပဲ သတင်းမီဒီယာ လုပ်ငန်း လုပ်လို့ရမယ်” ဟု ဦးဖုန်းမြင့်အောင် ပြောသည်။ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီက တင်သွင်းထားသော သတင်းမီဒီယာဥပဒေကြမ်းနှင့်ပတ်သက်ပြီး စာနယ်ဇင်းကောင်စီနှင့် အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီတို့ သြဂုတ်လ ၂၇ ရက်နေ့ နေပြည်တော်တွင် တွေ့ဆုံရန်ရှိသည်ဟု သိရှိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။