ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရစ် မစ်ချဲလ် တို့ ယမန်နေ့က တွေ့ဆုံ၍ စစ်ဘက်ဆိုင်ရာ များကို ဆွေးနွေးကြောင်း သိရသည်။ နှစ်နိုင်ငံ တပ်မတော်အကြား ဆက်ဆံမှု တိုးမြှင့်ရေး၊ မြန်မာ့ဒီမိုကရေစီ အရေးတွင် တပ်မတော်၏ အရေးပါမှု၊ လွှတ်တော်အတွင်း တပ်မတော်ကိုယ်စားလှယ်များ၏ ဆွေးနွေးမှုဆိုင်ရာ၊ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ၊ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု ဆိုင်ရာ ကိစ္စရပ်များနှင့် နိုင်ငံတော် ကာကွယ် ရေး၊ လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးဆိုင်ရာ များကို ဆွေးနွေးခဲ့ကြောင်း၊ ယင်းဆွေးနွေးပွဲသို့ အမေရိကန် စစ်သံမှူး Colonel William C.Dickey လည်း တက်ရောက်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။