အာဆီယံ သတင်း အချက်အလက် နည်းပညာ နှင့် ဆက်သွယ်ရေး အရာရှိများ အစည်းအဝေး တရပ်ကို ယမန်နေ့က ရန်ကုန်မြို့တွင် ကျင်းပကြောင်း သိရသည်။ အာဆီယံ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ အဆင့်မြင့်အရာရှိများ (TELSOM) နှင့် အာဆီယံ ဆက်သွယ်ရေး ဥပဒေပြုသူများ ကောင်စီ(ATRC) ခေါင်းဆောင်များ အလွတ်သဘော တွေ့ဆုံစည်းဝေး ဖြစ်ကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းတွင် ဖော်ပြထားသည်။ အစည်းအဝေးတွင် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်း ပညာဝန်ကြီး ဦးမြတ်ဟိန်း တက်ရောက်ကြောင်း၊ အာဆီယံ အိုင်စီတီ မဟာဗျူဟာ စီမံကိန်း ၂ဝ၁၅ ၏ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော စီမံကိန်းများ အား အာဆီယံ နိုင်ငံများမှ ဆောင်ရွက်နေမှု၊ ဘတ်ဂျက် လျာထားမှုများနှင့် ၂ဝ၁၃ ခုနှစ်တွင် ကျင်းပမည့် အာဆီယံဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးများ အဆင့် အစည်းအဝေး (၁၃)ကြိမ်မြောက် အတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို နှစ်ရက်ကြာ ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။