မြန်မာနိုင်ငံတွင် ဒုတိယ အမြင့်ဆုံးတောင် ဖြစ်သော ဂန်လန်ရာဇီ တောင်ပေါ်သို့ မြန်မာ ၁ ဦး နှင့် အမေရိကန် နိုင်ငံသား ၄ ဦး ပါဝင်သော မြန်မာ-အမေရိကန် ချစ်ကြည်ရေး တောင်တက်အဖွဲ့သည် သြဂုတ်လ ၁၅ ရက် နေ့တွင် တောင် စတင် တက်ခဲ့ပြီး စက်တင်ဘာလ ၇ ရက်နေ့တွင် တောင်ထိပ်ရောက်ရှိခဲ့ကာ မြန်မာ-အမေရိကန် ၂ နိုင်ငံ အလံများကို တောင်ထိပ်တွင် စိုက်ထူခဲ့ကြောင်း ယနေ့ထုတ် စံတော်ချိန် သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။