နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာ၊ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဖင်လန် သမ္မတဟောင်း Martti Ahtisaari ၊ နော်ဝေ ဝန်ကြီးချုပ်ဟောင်း Gro Harlem Brundtlandတို့ပါဝင်သော Elders အဖွဲ့သည် စက်တင်ဘာ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့အထိ မြန်မာနိုင်ငံလာရောက်လည်ပတ်လျက်ရှိပြီး မြန်မာ့နိုင်ငံရေး ခေါင်းဆောင်များ၊ အရပ်ဖက်လူ့အဖွဲ့အစည်းများ ၊ အစိုးရတာဝန်ရှိသူများနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း သိရှိရသည်။ယင်းအဖွဲ့သည် စက်တင်ဘာလ ၂၆ ရက်နေ့တွင် ရန်ကုန်မြို့ Strand ဟိုတယ်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။