ဂျပန်နိုင်ငံ ၊ ရေကြောင်းကာကွယ်ရေးတပ်ဖွဲ့ (Maritime Self Defense Force) မှ KASHIMA၊ SHIRAYUKI နှင့် ISYUKI အမည်ရှိ လေ့ကျင့်ရေး စစ်ရေယာဉ် ၃ စင်းသည် စက်တင်ဘာလ ၃၀ ရက်နေ့ မနက် ၁၁ နာရီ ၃၀ မိနစ်တွင် ရန်ကုန်မြို့၊ သန်လျင် သီလဝါဆိပ်ကမ်းသို့ ရောက်ရှိလာပြီး ယင်းစစ်ရေယာဉ်များတွင် အရာရှိ ၊ အရာထမ်း စုစုပေါင်း ၇၂၄ ဦး လိုက် ပါလာကာ စက်တင်ဘာ ၃၀ မှ အောက်တိုဘာ ၄ ရက်နေ့အထိ ၅ ရက်ကြာ နေထိုင်မည်ဖြစ်ကြောင်း ယနေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။