ကာကွယ်ရေးဝန်ကြီးဌာနက ၁၉၉၁ ခုနှစ်တွင် သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန် ၁ ရပ်ကွက် ၂ ရပ်ကွက်နှင့် ၃ ရပ်ကွက်မှ မြေများကို မတရားသိမ်းဆည်းခဲ့မှုကို ကန့်ကွက်သည့်အနေဖြင့် မိကျောင်းကန် ဒေသခံများက ရန်ကုန်မြို့တော်ခန်းမအနီး မဟာဗန္ဓုလ ပန်းခြံဘေး တွင် အောက်တိုဘာ ၂ ရက်နေ့မှစတင်ပြီး သပိတ်စခန်းဖွင့်လှစ် ဆန္ဒပြ လျက်ရှိကြောင်း၊ စစ်တပ်က သိမ်းယူခဲ့သည့် မြေများကို မူလပိုင်ရှင် များထံ ပြန်လည်ပေးအပ်ရေး မလိုက်လျောမချင်း ဆက်လက် သပိတ်စခန်း မပိတ်သိမ်းဟု ဆန္ဒပြ သူများက ဧရာဝတီသို့ ပြောဆိုကြသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။