အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဩစတြေးလျနိုင်ငံသို့ နိုဝင်ဘာလ ၂၇ ရက်မှ ဒီဇင်ဘာလ ၂ ရက်ထိ သွားရောက်မည်ဖြစ်ပြီး ကင်ဘာရာ၊ မဲလ်ဘုန်းနှင့် ဆစ်ဒနီမြို့များသို့ ရောက်ရှိမည်ဖြစ်သည်။ မြန်မာမိသားစုနှင့် တွေ့ဆုံမည်ဖြစ်ပြီး ဆစ်ဒနီမြို့တွင် ကုလသမဂ္ဂ HIV aids ကွန်ဖရင့်အပါအဝင် အစည်းအဝေးများလည်း တက်ရောက်မည်။ ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်ကို အထူးကြိုဆိုဧည့်ခံမည်ဟု ပြောကြားထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။