ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ဆောက်လုပ်ရေး ဝန်ကြီးဌာနက အသင့်ဆောက်လုပ်ပြီး ဆိုင်ခန်း ၁၀ ခန်း လုပ်ကိုင်ခွင့်ကို တင်ဒါစနစ်ဖြင့် ချထားပေးမည် ဖြစ်ကြောင်း ယနေ့ထုတ် 7 Day နေ့စဉ်သတင်းစာ၌ ဖော်ပြထား သည်။ ကော်ဖီဆိုင်၊ သန့်စင်ခန်း အပါအဝင် လေထိုးကျွတ်ဖာ ဆိုင်များအတွက် တင်ဒါလျှောက်လွှာများကို နိုဝင်ဘာ ၂၉ မှ ၁၆ ရက်အတွင်း ရန်ကုန်-မန္တလေး အမြန် လမ်းမကြီး ပြုပြင်ထိန်းသိမ်းရေး အထူးအဖွဲ့ အင်ဂျင်နီယာမှူးကြီး မြို့ပြရုံး နေပြည်တော်တွင် ဝယ်ယူရမည်ဖြစ်ကြောင်းနှင့် ၂၀၁၄ နှစ်ဆန်းပိုင်းတွင် စတင်လုပ်ကိုင်နိုင်မည် ဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။