မြန်မာနိုင်ငံသည် နိုင်ငံတကာ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး အဖွဲ့ (TI) ၏ ဒီဇင်ဘာ ၃ ရက်နေ့ ထုတ်ပြန်သည့် ညွှန်းကိန်း အရ နိုင်ငံပေါင်း ၁၇၅ နိုင်ငံတွင် အဆင့် ၁၅၇ တွင် ရှိနေကြောင်း သိရသည်။ အာဖဂန် နစ္စတန်၊ မြောက်ကိုရီးယားနှင့် ဆိုမာလီယာ နိုင်ငံ များသည် အဂတိ အလိုက်စားဆုံ ၁၀ နိုင်ငံ စာရင်းတွင် ပါဝင်ပြီး ဒိန်းမတ်နှင့် နယူးဇီလန်တို့မှာ အဂတိလိုက်စားမှု မရှိသလောက် နည်းပါးသည့် နိုင်ငံများအဖြစ် ရပ်တည်လျက်ရှိကြောင်း၊ ပြုပြင်ပြောင်းလဲမှုများကြောင့် မြန်မာနိုင်ငံသည် ရပ်တည်မှုအဆင့် တိုးတက်လာသည် ဟု ဆိုနိုင်သော်လည်း အကျင့်ပျက် ခြစားမှုများ ရှိနေဆဲ ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။