၂၀၁၃ ခုနှစ်အတွင်း ဘင်္ဂလား ပင်လယ်အော်တွင် ဖြစ်ပေါ်ခဲ့သည့် ၆ ခုမြောက် မုန်တိုင်းဖြစ်သည့် မဒီ (Madi) ဆိုင်ကလုန်း မုန်တိုင်းသည် ဒီဇင်ဘာ ၁၁ ရက်တွင် ရခိုင်ပြည်နယ်၊ ကျောက်ဖြူသို့ ဝင်ရောက်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ထုတ်ပြန်ချက်အရ သိရသည်။ယင်းမုန်တိုင်း၏ လေတိုက်နှုန်းသည် တနာရီ ၇၅ မိုင်နှုန်း ရှိနိုင်ပြီး လှိုင်းကြီးနိုင်ကြောင်း၊ မုန်တိုင်းအရှိန်ကြောင့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း အောက်ပိုင်း၊ မန္တလေးတိုင်း ဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးနှင့် ရန်ကုန်တိုင်း ဒေသကြီးတို့တွင် မိုးထစ်ချုန်း ရွာနိုင်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။