သမ္မတ ဦးသိန်းစိန်သည် နော်ဝေနိုင်ငံ အော်စလိုမြို့ အခြေစိုက် သဘာ၀ သယံဇာတ အရင်းအမြစ်များ တူးဖော် ထုတ်ယူသုံးစွဲရေး ဆိုင်ရာ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး အဖွဲ့ (Extractive Industries Transparency Initiative – EITI) ၏ ဘုတ်အဖွဲ့ ဥက္ကဋ္ဌ Ms. Clare Short နှင့် ယမန်နေ့က နေပြည်တော်တွင် တွေ့ဆုံကြောင်း သိရသည်။ ရေနံ၊ သတ္တု၊ သစ်တော၊ ငါးမွေးမြူရေး ကဏ္ဍများမှ လုပ်ငန်းစီမံချက် ရေးဆွဲ ဆောင်ရွက်ရေးနှင့် လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာတွင် အတွေ့အကြုံများကို သင်တန်းပေး နိုင်ရေး ကိစ္စရပ်များ ဆွေးနွေးကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။