ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှား သံအမတ်ကြီး Mr. Sebastianus Sumarsono နှင့် အင်ဒိုနီးရှား စစ်သံမှူး Colonel Helda Risman တို့နှင့် ယမန်နေ့က တွေ့ဆုံကြောင်း ယနေ့ထုတ် အစိုးရ သတင်း စာ များတွင် ဖော်ပြထားသည်။ ယင်းသို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံချစ်ကြည်ရေး၊ တပ်မတော် နှစ်ရပ်ကြားဆက်ဆံရေးများ တိုးမြှင့်သွားရန်နှင့် အာဆီယံ နိုင်ငံတပ်မတော်များ ပူးပေါင်းဆောင်ရွက်ရေး၊ ဒီမိုကရေစီဖော်ဆောင်ရေး ကိစ္စရပ်များ ဆွေးနွေးကြောင်း သိရ သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။