မြန်မာနိုင်ငံ၏ ပထမဆုံး ပြည်သူ့ဟစ်တိုင်ကွင်းကို မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက ကျပ် သိန်းပေါင်း ၂၅၀၀ အကုန်အကျခံ တည်ဆောက်နေကြောင်း သတင်းရသည်။ မန္တလေးမြို့ မဟာအောင်မြေ မြို့နယ် ၆၂ လမ်း၊ ၃၉ လမ်း နှင့် လမ်း ၄၀ ကြား မနော်ရမံ ဥယျာဉ်နှင့် တဆက်တည်း နေရာ၌ လူ ၅၀၀၀ ဆံ့ ပြည်သူ့ဟစ်တိုင်ကွင်းကို ၂၀၁၄ ခုနှစ် မတ်လတွင် အပြီး တည်ဆောက်နိုင်မည် ဖြစ်ကြောင်း မန္တလေး စည်ပင်သာယာရေး ကော်မတီ လမ်းတံတားဌာနမှ သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။