၆၆ နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် အကျဉ်းထောင်အသီးသီးမှာ ပြစ်ဒဏ် ကျခံနေရတဲ့ အကျဉ်းသား များရဲ့ ပြစ်ဒဏ်များကို သမ္မတရုံးက အောက်ပါအတိုင်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုကြောင်း သတင်းရရှိသည်။ သေဒဏ် ချမှတ် ခြင်း ခံရသူများ အတွက် ထောင်ဒဏ် တသက်(နှစ် အကန့်အသတ်မရှိ) သို့ ပြောင်းလဲ ကျခံစေရန်၊ နှစ်အကန့်အသတ် မရှိနှင့် ထောင်ဒဏ် တသက် ကျခံနေရသည့် အကျဉ်းသားများ (သေဒဏ်မှ ထောင်ဒဏ် တသက်နှင့် နှစ် အကန့်အသတ် မရှိသို့ လျော့ပေါ့ ကျခံနေသူများမပါ) နှင့် ထောင်ဒဏ် ၄၀ နှစ် အထက် ကျခံနေရသူများ အား ထောင်ဒဏ် (၄၀)နှစ်သို့ လျော့ပေါ့ကျခံစေရန်၊ ထောင်ဒဏ် (၄၀)နှစ် နှင့်အောက် ကျခံနေရသည့် အကျဉ်းသားများအား ယင်းတို့ ကျခံနေသော ထောင်ဒဏ်၏ လေးပုံတစ်ပုံအား လျော့ပေါ့ကျခံစေရန် ယနေ့ ညနေတွင် ထုတ်ပြန်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။