ဒေါ်အောင်ဆန်းစုကြည်နှင့် ပါကစ္စတန် ကျောင်းသူလေး မာလာလာယူဆပ်ဇာအိတို့ လာမည့် ဇန်နဝါရီ ၁၀ ရက်နေ့တွင် တွေ့ဆုံမည် ဖြစ်ကြောင်း Indian Today ၏ သတင်းတရပ်တွင် ဖော်ပြထားသည်။ အိန္ဒိယနိုင်ငံ ပူနေးမြို့တွင် ၃ ရက်ကြာ ကျင်းပမည့် အိန္ဒိယကျောင်းသားများ ပါလီမန် (ISP) တွင် မာလာလာက ဟောပြောပို့ချမည်ဟု မျှော်လင့်ရ ကြောင်း၊ ထို့အတူ ဒေါ်အောင်ဆန်းစုကြည်လည်း မိန့်ခွန်းပြောကြားဖွယ် ရှိကြောင်း သိရှိရသည်။ ပါကစ္စတန် အမျိုးသမီးများ ပညာသင်ယူခွင့် ရရှိရေး ကြိုးပမ်းသည့် အသက် ၁၆ နှစ် အရွယ်ရှိ မာလာလာသည် ၂၀၁၂ ခုနှစ်က တာလီဘန် အကြမ်းဖက် သမားများ၏ ပစ်ခတ်ခံပြီးနောက် ကမ္ဘာတဝန်းက ၎င်းအား လေးစား အသိအမှတ်ပြု လာခြင်း ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။