The Daily Eleven သတင်းဌာနမှ သတင်းထောက် မခိုင်အား ထောင်ချခဲ့ခြင်းနှင့် ပတ်သက်သက်၍ မီဒီယာသမား ၂၀၀ ကျော်က ယနေ့မနက် ၉ နာရီတွင် ဆန္ဒဖော်ထုတ် ကန့်ကွက်လိုက်သည်။ ရန်ကုန်မြို့လယ်ရှိ မြို့တော်ခမ်းမမှ The Daily Eleven ရုံးစိုက်ရာ တာမွေမြို့နယ်ရှိ သို့ လမ်းလျှောက် ဆန္ဒဖော်ထုတ်ခြင်း ဖြစ်သည်။ သတင်းထောက် မခိုင်သည် အကျင့်ပျက် ခြစားမှု တခုအတွက် သတင်းလိုက်လံ စုံစမ်းစဉ် တရားစွဲဆိုခံရခြင်း ဖြစ်ပြီး၊ အသရေဖျက်မှု အပါအဝင် ပုဒ်မ ၃ ခုဖြင့် ကယားပြည်နယ် တရားရုံးက ထောင် ၃ လ ပြစ်ဒဏ်ချခံရခြင်း ဖြစ်သည်။ ယခုပြစ်ဒဏ် ချမှတ်မှုသည် သမ္မတ ဦးသိန်းစိန် တာဝန်ယူသည့် ကာလအတွင်း သတင်း မီဒီယာသမား တဦးကို ပထမဆုံး ပြစ်ဒဏ် ချမှတ်ခြင်းလည်း ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။