မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးချစ်ကျော်က ၂၀၁၄ ခုနှစ်တွင် လေဖိအားနည်း ရပ်ဝန်းများ ဖြစ် ပေါ်မှု မြင့်တက်နေခြင်းကြောင့် မုန်တိုင်း အန္တရာယ်ကို သတိထားရမည် ဖြစ်ကြောင်း ပြောကြားသည်။ မုတ်သုံမိုး ရရှိမှု နည်းပါး၍ ရေရရှိမှု နည်းမည်ဖြစ်ကြောင်း၊ ဆောင်းတွင် အအေးပိုပြီး၊ နွေတွင် အပူလွန်ကဲနိုင်ကြောင်း၊ ယခုနှစ် နွေရာသီတွင် မြူကျဆင်းမှု ပိုမိုနိုင်သဖြင့် လေကြောင်း၊ ရေကြောင်း ခရီးစဉ်များ သတိထားသင့်ကြောင်း၊ ၂၀၁၃ ခုနှစ်တွင် မုန်တိုင်း ၈ ကြိမ် ဖြစ်ပေါ်ပြီး၊ မဟာစင်၊ ဖိုင်လင်း၊ ဟဲလန်၊ မဒီနှင့်လီဟာကဲ့သို့ အမည်ပေး မုန်တိုင်း ၅ ခုနှင့် မုန်တိုင်းငယ် ၃ ခု၊ ဆိုင်ကလုန်းမုန်တိုင်း ၁၀ ကြိမ်ခန့် ဖြစ်ပေါ်ခဲ့ကြောင်း၊ ယင်းသည် နှစ်ပေါင်း ၁၀၀ အတွင်း မုန်တိုင်းကြီးများ ဝင်ရောက်မှု အများဆုံးဖြစ်ကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။