ဂျပန်အောက်လွှတ်တော် အမတ်နှင့် ဂျပန်-မြန်မာ ချစ်ကြည်ရေး ပါလီမန် အဖွဲ့ဥက္ကဋ္ဌ Mr. Ichiro Aisawa နှင့် သမ္မတ ဦးသိန်းစိန် ယမန်နေ့က နေပြည်တော် သမ္မတအိမ်တော် ၌ တွေ့ဆုံကြောင်း သိရသည်။ ယင်းသို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၌ အခြေခံ အဆောက် အအုံ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ၊ လမ်းပန်းဆက်သွယ်ရေး၊ ရေကောင်းရေသန့် ရရှိရေး လုပ်ငန်းများကို ဂျပန်နိုင်ငံ တကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) နှင့် ပူးပေါင်းဆောင်ရွက်နေမှုများ၊ ဂျပန်မှ ပေးအပ်သည့် ODA ချေးငွေများ၊ ထောက်ပံ့ငွေများကို ပြည်သူလူထု တိုက်ရိုက် အကျိုးပြု လုပ်ငန်းများ ဖြစ်သည့် ရထားလမ်း အဆင့်မြှင့်ရေး၊ မြို့ပြဖွံ့ဖြိုးရေး၊ လေဆိပ် ဖွံ့ဖြိုးရေး စသည့် ကဏ္ဍများတွင် စနစ်တကျ သုံးစွဲနေမှုများ၊ သီလဝါစီးပွားရေးဇုန်တွင် ဂျပန်လုပ်ငန်းရှင်များ ပါဝင်ဆောင်ရွက်နေမှုနှင့် မြန်မာနိုင်ငံတွင် ဂျပန်နိုင်ငံမှ ဘဏ်ခွဲဖွင့်လှစ်ခွင့်ရရှိရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြောင်း မြန်မာ့အလင်း သတင်းစာ၌ ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။