သမ္မတ ဦးသိန်းစိန်နှင့် ဂျပန်နိုင်ငံ ပြည်တွင်း ရေးရာနှင့် ဆက်သွယ်ရေးဝန်ကြီး Mr. Yoshitaka SHINDO နှင့် ယမန်နေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်၌ တွေ့ဆုံကြောင်း သိရသည်။ ယင်းသို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အား အဆင့်မြှင့်တင်ရေး အတွက် ဂျပန်နိုင်ငံမှ နည်းပညာဆိုင်ရာ အကူအညီ ပေးရေး၊ ဆက်သွယ်ရေး ကဏ္ဍတွင် မြန်မာနိုင်ငံ၏ စာပို့တိုက် လုပ်ငန်း ခေတ် မီရေး အတွက် ငွေကြေးနှင့် နည်းပညာ ပံ့ပိုးပေးရေးနှင့် နည်းပညာ သင်တန်းများကို မြန်မာနိုင်ငံတွင် လာရောက် ဖွင့်လှစ်ပို့ချနိုင် ရေး တို့ကို ဆွေးနွေးကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန သတင်း ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။