မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် ဇော်ဝင်းနှင့် အမေရိကန် နိုင်ငံ USIP မှ Ms. Colette L. Rausch တို့ နေပြည်တော်ရှိ မြန်မာနိုင်ငံ ရဲ တပ်ဖွဲ့ ဌာနချုပ်တွင် တွေ့ဆုံ ဆွေးနွေးကြောင်း သိရသည်။ ယင်းသို့တွေ့ဆုံရာတွင် ပြည်တွင်း အကြမ်းဖက်မှု ပဋိက္ခများ ဖြစ်ပေါ်စေ ရန် နောက်ကွယ်မှ ငွေကြေးထောက်ပံ့ပေးသည့် အဖွဲ့များကို စုံစမ်းဖော်ထုတ်သွားမည် ဖြစ်ကြောင်း၊ ၎င်းအပြင် ငွေကြေးခဝါချသည့် ကိစ္စကိုလည်း နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ကို ဥရောပ သမဂ္ဂမှ ရဲအရာရှိ တချို့က အကြမ်းဖက် တိုက်ဖျက်မှု သင်တန်းများ ပေးထားပြီး ဖြစ်ကြောင်း ယနေ့ထုတ် ရန်ကုန်တိုင်းမ် သတင်းစာတွင် ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။