ထွန်းဖောင်ဒေးရှင်း၏ အဋ္ဌမအကြိမ် စာပေဆုချီးမြှင့်ပွဲအခမ်းအနားကို ယခုလ ၁၈ ရက်၊ နေ့လည် ၁ နာရီတွင် မြန်မာနိုင်ငံ ဘဏ်များ အသင်း အဆောက်အအုံ၊ အမှတ် ၂ စည်ပင်လမ်းသစ်၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့၌ ကျင်းပမည်ဖြစ်ကြောင်း ယနေ့ထုတ် မြန်မာ့ အလင်း သတင်းစာတွင် ဖော်ပြထားသည်။ ၂၀၁၂ ခုနှစ်အတွက် စာပေဆု များမှာ တသက်တာ စာပေဆုကို မြန်မာအမျိုးသမီး စာပေပညာရှင် စည်သူဒေါ်ကြန်က ရရှိခဲ့ပြီး၊ စုစုပေါင်း စာပေဆုပေါင်း စာပေဆု ၁၇ ဆုကို အခမ်းအနားဖြင့် ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။ ၂၀၁၃ ခုနှစ်တွင် ထုတ်ဝေ သည့် စာအုပ်များနှင့် မိမိကိုယ်တိုင် ရေးသားပြုစုထားသော စာမူများကို တင်သွင်း ယှဉ်ပြိုင်လိုသည့် စာမူရှင်များသည် စက်တင်ဘာ ၃၀ ရက် အတွင်း ထွန်းဖောင်ဒေးရှင်းသို့ ပေးပို့နိုင် ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။