အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ (Small and Medium Enterprises – SME) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေ (မူကြမ်း) ကို အတည်ပြု ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ ယမန်နေ့က ပြုလုပ်သည့် အမျိုးသား လွှတ်တော် နဝမ ပုံမှန်အစည်း အဝေး ဒုတိယနေ့တွင် အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ဒုဝန်ကြီး ဒေါ်လဲ့ဲလဲ့သိန်းက ၁၉၉၀ ပြည့်နှစ်က ပြဋ္ဌာန်းခဲ့သည့် အဆိုပါ ဥပဒေသည် ခေတ်ကာလ အခြေအနေနှင့် ကိုက်ညီမှု မရှိတော့သည့် အတွက် နိုင်ငံတကာ ဥပဒေကျင့်ထုံးများနှင့် အညီ SME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေ (မူကြမ်း) ကို ရေးဆွဲနိုင်ခဲ့ပြီ ဖြစ်ကြောင်း၊ ယင်း ဥပဒေ အတည်ပြု ပြဋ္ဌာန်းနိုင်ရေး ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင် ဖြေကြားဆွေးနွေးသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။