ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ တိုင်းဒေသကြီးများနှင့် ကရင်၊ မွန်ပြည်နယ်များသို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှု ဖေဖော်ဝါရီ ၁၄ ရက်နေ့ နံနက် ၆ နာရီမှ ၁၇ ရက်နေ့ ညနေ ၆ နာရီ အတွင်း ခေတ္တလျော့နည်း ဖြန့်ဖြူးမည် ဖြစ်ကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာက အသိပေးကြေညာသည်။ ၂၃၀ ကေဗွီ တောင်တွင်းကြီး – ရွှေတောင် ဓာတ်အားလိုင်း တာဝါတိုင် အမှတ်၂၆၂ တွင် မြေပြိုမှုဖြစ်ပွား ခဲ့၍ အမှတ် ၂၅၉ မှ ၂၆၃ တာဝါတိုင်များကို ပြောင်းရွှေ့ တည်ဆောက်ရမည် ဖြစ်ကြောင်း၊ ယင်းကြောင့် ရန်ကုန်တိုင်း ဒေသကြီး အတွက် ၂၅ မှ ၄၅ မဂ္ဂါဝပ်၊ ဧရာဝတီတိုင်းဒေသကြိး အတွက် ၅ မဂ္ဂါဝပ်၊ ပဲခူးတိုင်းဒေသကြီး ၉ မဂ္ဂါဝပ်၊ ကရင်နှင့် မွန်ပြည်နယ်တို့တွင် ၄ မဂ္ဂါဝပ် အသီးသီး လျော့ချဖြန့်ဖြူးသွားမည် ဖြစ်ကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။