သမ္မတရုံး၏ သဘောတူ ခွင့်ပြုချက်အရ နိုင်ငံတကာကြက်ခြေနီအဖွဲ့ (ICRC) ၏ ၆ ခုမြောက် ရုံးခွဲကို မြစ်ကြီးနားမြို့ ဆေးရုံဘေးတွင်ကပ်ပြီး ယနေ့ဖွင့်လှစ်ပြီ ဖြစ်ကြောင်းသိရသည်။ ယင်းအဖွဲ့သည် မြန်မာနိုင်ငံတွင် ၁၉၈၆ ခုနှစ် ကတည်းက စတင်ရုံးဖွင့်လှစ် ဆောင်ရွက်ခဲ့ကြောင်း၊ ရန်ကုန်၊ မန္တလေး၊ ဘားအံ၊ စစ်တွေနှင့် မြောက်ဦးမြို့များတွင် ရုံးခွဲများ ဖွင့်လှစ်လုပ်ကိုင် ခဲ့ကြောင်း၊ ယခင် စစ်အုပ်ချုပ်ရေး ကာလက လုပ်ဆောင်မှုများကို မကြာခဏ ပိတ်ပင်ခံရမှု များ ရှိခဲ့ကြောင်း၊ ICRC အနေဖြင့် ကချင်ပြည်နယ် အတွင်း လူသားချင်း စာနာမှု ဆိုင်ရာ လုပ်ငန်းများ ပိုပိုကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ပြောခွင့်ရပုဂ္ဂိုလ် Michael O’Brien ၏ ပြောကြားချက်ကို ဗီအိုအေ သတင်းတရပ်တွင် ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။