အလွတ်သဘော ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် တပ်မတော် ကိုယ်စားလှယ်များ၏ သဘောထားကို ပွင့်ပွင့်လင်းလင်း သိရပါက ရလာဒ်ကောင်းတခု ပေါ်ထွက်လာနိုင်ကြောင်း တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ အတွင်းရေးမှူး ၂၊ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။ မတ် ၉ နှင့် ၁၀ ရက်နေ့များတွင် ရန်ကုန်ရှိ မြန်မာ့ငြိမ်းချမ်းရေး စင်တာ၌ ပြုလုပ်မည့် အဆိုပါ ဆွေးနွေးပွဲတွင် တိုင်းရင်သား လက်နက်ကိုင်များ၏ တောင်းဆိုချက်များ၊ အစိုးရနှင့် တပ်မတော်၏ သဘောထားကိုလည် သိရှိနိုင်မည် ဖြစ်ကြောင်း၊ တိုက်ရိုက်တွေ့ဆုံဆွေးနွေးခြင်းဖြစ်၍ ထိရောက်မှု ရှိမည် ဖြစ်ကြောင်း၊ တပြည်လုံး အတိုင်းအတာဖြင့် အပစ်အခတ် ရပ်စဲရေး လမ်းကြောင်းပေါ် ရောက်ရန် နှစ်ဖက် အဖွဲ့များ အကြိတ်အနယ် ဆွေးနွေးမည့် အခြေအနေ ရှိကြောင်း မတ်လ ၄ ရက်နေ့က ပန်ဒါဟိုတယ်တွင် ပြုလုပ်သည် သတင်းစာရှင်းလင်းပွဲ၌ ၎င်းက ပြောသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။