ဆီးဂိမ်းပြိုင်ပွဲ၏ စုစုပေါင်း ကုန်ကျစရိတ်မှာ ကျပ် ၃၃ ဒသမ ၉၅၈ ဘီလီယံ၊ အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၉၅၅ သန်း၊ ကနေဒါ ဒေါ်လာ ၄၆၀၀ ဒသမ ၀၃ ဒေါ်လာနှင့် စင်ကာပူဒေါ်လာ ၇၀၀၀၀ ကုန်ကျကြောင်း သိရသည်။ ယမန်နေ့က အမျိုးသား လွှတ်တော်တွင် ဒေါက်တာ မြတ်ဉာဏစိုး၏ မေးမြန်းမှုကို အားကစား ဒုဝန်ကြီး ဦးသောင်းထိုက်က ထိုသို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။ အားကစားပြိုင်ပွဲများအတွက် ဒေါ်လာ ၁၈ ဒသမ ၂၃၈ သန်း၊ ဖွင့်ပွဲ၊ ပိတ်ပွဲမျးာအတွက် ဒေါ်လာ ၁၇ သန်း တရုတ်နိုင်ငံက ကူညီခဲ့ကြောင်း၊ ချေးငွေသဘောမဟုတ်ဘဲ ကူညီထောက်ပံ့မှုဖြစ်ကြောင်း သိရသည်။ ဆီးဂိမ်းပြိုင်ပွဲများအတွက် လိုအပ်သော တခြားအသုံးစရိတ်များကို ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေမှ ထုတ်ယူသုံးစွဲခဲ့ကြောင်းလည်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။