စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ကန့်ဘလူမြို့နယ် ထောက်ရှာအိုင် ကျေးရွာတွင် ဒေသ အခြေစိုက် စစ်တပ် က သိမ်းယူထားသည့် လယ်ယာမြေဧက ၂၇၄၂ ဧကကို ပြန်လည်ရရှိရန် အတွက် တောင်သူလယ်သမား ၂၀၀၀ ကျော်က ယင်းမြေနေရာတွင် ယနေ့မနက်ပိုင်းက ထွန်တုံးတိုက်ပွဲ ဆင်နွဲခဲ့ကြကြောင်း သိရသည်။ ထောင်ရှာအိုင်ကျေးရွာနှင့် အနီးဝန်းကျင်ရှိ ခအုန်းသာ၊ ပေကြီး၊ ယောက်သင်္ကန်း၊ ညီမွန်၊ ထနောင်းကိုင်း၊ ပိတောက်ကုန်း ကျေးရွာများမှ တောင်သူလယ်သမားများက နွားထွန်ရှဉ်း ၇၀ နှင့် မနက် ၈ နာရီမှ ၁၀ နာရီအထိ ထွန်ယှက် ဆန္ဒပြခဲ့ကြောင်း တောင်သူအရေး ကူညီဆောင်ရွက်ပေးနေသူများက ပြောပြသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။