Australia ရှာဖွေရေး အရာရှိများက မလေးရှား ပျောက်ဆုံး လေယာဉ် MH 370 ၏ Black Box မှ အချက်ပေးသံ နှင့် တူညီသည့် အသံအသစ်များ လက်ခံရခဲ့ကြောင်း ထုတ်ဖော်ပြာဆိုသည်။ ရှာဖွေရေးအကြီးအကဲ Angus Houston က ပြီးခဲ့သည့် ရက်ပိုင်းအတွင်း Australia ကမ်းလွန် အိန္ဒိယသမုဒ္ဒရာထဲတွင် MH 370 Boeing 777 လေယာဉ်ရှာဖွေမှု လုပ်ငန်းအားလုံးထဲ၌ အားရစရာ အကောင်းဆုံးဖြစ်ကြောင်း၊ Black Box အချက်ပေးသံကို ၂ နာရီ မိနစ် ၂၀ ကြာသည်အထိ ရနေခဲ့ပြီး နောက် ၁၃ မိနစ်ကြာ ထပ်ကြား ခဲ့ရကြောင်း Mr. Houston က ပြောသည်။ လူပေါင်း၂၃၉ ဦး ပါသည့် အဆိုပါလေယာဉ်သည် မတ်လ ၈ ရက်နေ့တွင် ကွာလာလမ်ပူမှ တရုတ်နိုင်ငံ ဘီဂျင်းမြို့သို့ ထွက်ခွာလာရာ ဝေဟင်မှ ရုတ်တရက် ပျောက်ဆုံးသွား ခြင်း ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။