မလေးရှား နိုင်ငံတွင် တရားမဝင် လာရောက် လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား ၄၀ ကျော် ဖမ်းဆီးခံရကြောင်း သိရသည်။ မလေးရှား အစိုးရက တရားမဝင် နိုင်ငံခြားသား အလုပ်သမားများ ရှင်းလင်းရေး လုပ်ဆောင်နေခြင်း ဖြစ်ပြီး မြန်မာ အများစု ရှိနေသည့် ကွာလာလမ်ပူနှင့် ၁၂ မိုင်အကွာ၊ ဖူချေင်းဒေသရှိ Tesco စူပါမားကက် အနီးရှိ ညဉ့်နက်ပိုင်းဖွင့်သည့် စားသောက် ဆိုင် တန်းများကို မလေးရှား ရဲတပ်ဖွဲ့နှင့် လူဝင်မှု ကြီးကြပ်ရေး အဖွဲ့များက ယမန်နေ့ ညပိုင်း ၁၂ နာရီ ခွဲခန့်တွင် ရှောင်တခင် ဝင် ရောက် စစ်ဆေးဖမ်းဆီး ဖြစ်ကြောင်း သိရသည်။ ပွဲစားမှတဆင့် CALLING အစီအစဉ်ဖြင့် မလေးရှားသို့ လာရောက် အလုပ်လုပ်နေ သူ မြန်မာနိုင်ငံသား တသိန်းခွဲ ခန့် ရှိပြီး တရားမဝင်နှင့် တရားဝင် အလုပ်သမား စုစုပေါင်း သုံးသိန်းနီးပါး ရှိကြောင်း VOA သတင်း တင်ရပ်တွင် ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။