ယခုလ အတွင်း သက်တမ်း ကုန်ဆုံးတော့မည့် မြန်မာနိုင်ငံတွင် တာဝန်သိ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ဆောင်နေခြင်း ရှိ၊ မရှိ အစီရင်ခံစာ တင်ပြရန်နှင့် မြန်မာစစ်တပ် တာဝန်ရှိသူများ ဆက်စပ်သည့် လုပ်ငန်းများတွင် အမေရိကန် ရင်းနှီးမြှုပ်နှံမှု မလုပ်ရန် တားမြစ်ထားချက်ကို ဆက်လက်ထားရှိရေး US Campaign for Burma နှင့် လူ့အခွင့်အရေး လှုပ်ရှားနေသည့် အဖွဲ့ ၂၈ ဖွဲ့က အမေရိကန်သမ္မတထံ တောင်းဆိုကြောင်း သိရသည်။ ယင်း တားမြစ်ချက်ကို ၂၀၁၃ ခု နှစ် မေလက စတင်ချမှတ်ထားခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် လူ့အခွင့်အရေး အခြေအနေများ၊ လူနည်းစု တိုင်းရင်းသားများ ဖမ်းဆီးခံနေရမှုများ၊ အစိုးရ၏ သတင်းလွတ်လပ်ခွင့် ထိန်းချုပ်ရန် လုပ်ဆောင်နေခြင်းများ၊ မြောက်ကိုရီးယားနှင့် သံတမန် ဆက်ဆံရေး ဆက်လက် ထားရှိနေခြင်းများကို ထောက်ပြကာ သက်တမ်းတိုးရန် တောင်းဆိုခြင်း ဖြစ်ကြောင်း နှင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ လွတ်လပ်မျှတမှု ရှိစေရန် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို အမေရိကန်က ပြတ်ပြတ်သားသား ထောက်ခံရန်လည်း တောင်းဆိုကြောင်း US Campaign for Burma သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။