မြန်မာအစိုးရ အနေဖြင့် လက်နက်မပြန့်ပွားရေး ဆိုင်ရာ နိုင်ငံတကာ ဆုံးဖြတ်ချက်များကို အပြည့်အ၀ လိုက်နာရန် လိုကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက သတိပေးထားသည်။ လက်ရှိ မြောက်ကိုရီးယားနှင့် စစ်ရေး ဆက်ဆံမှုသည်လည်း လုံး၀ ပြတ် တောက်သည့် အနေအထား မဟုတ်သေးကြောင်း၊ မြောက်ကိုရီးယား၏ နျူကလီးယားနှင့် ဒုံးလက်နက် အစီအစဉ်များ ရှေ့တိုးဆောင် ရွက်နိုင်ခြင်း မပြုနိုင်ရန်၊ လက်နက်ပြန့်ပွားမှု မဖြစ်စေရန် လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် လိုက်နာ ရေး အမေရိကန်နှင့် နိုင်ငံတကာ အသိုင်းအဝိုင်းက လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ မြောက်ကိုရီးယားနှင့် လက်နက်ရောင်းဝယ်မှုများကို တားမြစ် ထားသည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၁၇၁၈၊ ၁၈၇၄၊ ၂၀၈၇ နှင့် ၂၀၉၄ တို့ကို လေးစား လိုက် နာရန် လိုကြောင်း ဗီအိုအေ က ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။