ထိုင်းပြည်သူများ ကမ္ဘာဖလား ဘောလုံးပွဲစဉ်များကို အခမဲ့ကြည့်ရှုနိုင်ရန် ဘတ် ၄၂၇ သန်း အကုန် အကျ ခံကာ အမျိုးသား ရုပ်သံနှင့် ဆက်သွယ်ရေး ကော်မရှင်(NBTC) စီစဉ်ပေးမည်ဖြစ်ကြောင်း ယနေ့ထုတ် ဘန်ကောက်ပိုစ် သတင်းစာတွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် ရက်ပိုင်းကတည်းက ထိုင်းနိုင်ငံသားများ ပျော်ရွင်မှုရရှိစေရန်အတွက် လှုံဆော်စည်းရုံးသည့် အနေဖြင့် ကမ္ဘာဖလားဘောလုံးပွဲကို အခမဲထုတ်လွှင့်ပေးရန် ထိုင်းရုပ်မြင်သံကြားဌာနများသို့ အာဏာ သိမ်းထိုင်းစစ်တပ်က တောင်းဆိုထားခြင်းဖြစ်သည်။