တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန် သံအမတ် မစ္စတာ Tateshi Higuchiတို့ မနေ့ နံနက်ပိုင်းက နေပြည်တော်တွင် တွေ့ဆုံကာ ၂ နိုင်ငံ တပ်မတော် ၂ ခုကြား ပူးပေါင်း ဆောင်ရွက်ရေး အပါအဝင် ကာကွယ်ရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စများ ဆွေးနွေးခဲ့ကြသည်ဟု အစိုးရသတင်းစာများတွင် ဖော်ပြထားသည်၊ ပြီးခဲ့သည့် မေလကုန်က ဂျပန် ကာကွယ်ရေး ဦးစီးချုပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး Gen. Shigeru Iwasakiလည်း လာရောက်ကာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ သမ္မတ ဦးသိန်းစိန်အပါ အဝင် မြန်မာထိပ်တန်း ခေါင်းဆောင်များနှင့်တွေ့ဆုံခဲ့သေးသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။