ထိုင်းနိုင်ငံမှာ တရားမဝင် အလုပ်လုပ်နေကြသူတွေအတွက် ထိုင်းအစိုးရက အလုပ်သမား မှတ်ပုံတင်လုပ်ငန်း တွေကို ခရိုင် ၂၂ ခုမှာ ဇူလိုင်လ ၁ ရက်နေ့ကစပြီး ဆောင်ရွက်ပေးသွားမှာဖြစ်တဲ့အကြောင်း သိရပါတယ်။ ဘန်ကောက်မြို့မှာ ဇွန်လ ၂၁ ရက်နေ့က ကျင်းပတဲ့ ထိုင်းစစ်အစိုးရရဲ့ နိုင်ငံခြားသားအလုပ်သမားများ စနစ်တကျဖြစ်ရေးအစည်းအဝေးမှာ သဘောတူညီမှု ရခဲ့တာဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်း အလုပ်သမား ၃ သန်းခန့်ရှိတဲ့ အနက် တဝက်လောက်က တရားမဝင် အလုပ်သမားစာရင်းမှာရှိနေတဲ့ အတွက် ဒီအစီအစဉ်အား မြန်မာအလုပ်သမားတွေအတွက် ပိုပြီး ထိရောက်မှုရှိလိမ့်မယ်လို့ မြန်မာအလုပ်သမားတွေ အရေးဆောင်ရွက်နေသူတွေက ပြောဆိုနေကြပါတယ်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။