တပ်မတော်နေ့ကို တော်လှန်ရေးနေ့အဖြစ် ပြောင်းလဲသတ်မှတ်ရန် ပုသိမ်ပြည်သူလွှတ် တော် ကိုယ်စားလှယ် ဦးဝင်းမြင့်၏ အဆိုနှင့် ပတ်သက်ပြီး၊ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်က တော်လှန်ရေး နေ့အဖြစ် ပြန်လည် သတ်မှတ်ရန်မရှိကြောင်း၊ ၁၉၄၅ ခုနှစ်တွင်တပ်မတော်က တိုင်း ရင်းသားပြည်သူများကို ဦးဆောင်၍ ဖက်ဆစ်ဂျပန်ကို တော်လှန်ခဲ့ရာ၊ ၁၉၅၅ ခုနှစ်တော်လှန်ရေးနေ့ အခမ်းအနားတွင် ဗိုလ်ချုပ်ကြီးနေဝင်းက တပ်မတော်နေ့အဖြစ် ပြောင်းလဲခဲ့ကြောင်း၊ အိမ်နီး ချင်း ထိုင်းနိုင်ငံတွင်လည်း ၁၅၉၂ ခုနှစ် မြန်မာမင်း နန္ဒာဘုရင်လက်ထက် အိမ်ရှေ့မင်း မင်း ကြီးစွာ ကို ယိုးဒ ယားဘုရင်နရစွမ်မှ စီးချင်းထိုးအနိုင်ရသည့်နေ့ကို တပ်မတော်နေ့ အဖြစ်သတ်မှတ်ခဲ့ကြောင်း နှိုင်းယှဉ်ကာ ပြောဆိုသွားသည်သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။