ရခိုင်ပြည်နယ်အတွက် ဝန်ကြီးချုပ်သစ် ခန့်အပ်မည် ဆိုပါက ပြည်သူများက ရွေးကောက်တင်မြှောက်ထားသည့် လွှတ်တော် ကိုယ်စား လှယ်များထဲကသာ ရွေးချယ်ခန့်အပ်သင့်ကြောင်း ရခိုင်အမျိုးသားပါတီ (ANP ) က ယမန်နေ့ ရက်စွဲဖြင့် ကြေညာ ချက် တစောင်ထုတ်ပြန်၍ တောင်းဆိုလိုက်သည်။ ထို့အတူ ဝန်ကြီးချုပ်သစ်သည် ရခိုင်တိုင်းရင်းသား တဦးဦးကိုသာ ရွေး ချယ် ခန့်အပ်ပေးရန်လည်း ကြောညာချက်၌ ဖော်ပြထားသည်။ နှုတ်ထွက်သွားသည့် ရခိုင် ဝန်ကြီးချုပ် ဦးလှမောင်တင် နေရာတွင် နယ်စပ်ရေးရာ ဒု ဝန်ကြီး ဗိုလ်ချုပ် မောင်မောင်အုန်းအား ခန့်အပ်မည်ဟု သတင်းများထွက်ပေါ်နေသည်။ ဗိုလ်ချုပ် မောင်မောင်အုန်းအား ရခိုင်ပြည်နယ် လွှတ်တော်၏ တပ်မတော် သား ကိုယ်စားလှယ် အဖြစ် ခန့်အပ်လိုက်ကြောင်း ဇွန်လ ၂၁ ရက်နေ့ ထုတ် အစိုးရ သတင်းစာများ၌ ဖော်ပြခဲ့ကြသည်။ ရခိုင်လွှတ်တော်အား အရေးပေါ်ခေါ်ယူထားပြီး၊ ဇွန်လ ၂၅ ရက်နေ့တွင် ကျင်းပမည်ဖြစ်သည်။ ထိုအစည်းအဝေး၌ ပြည် နယ် ဝန်ကြီးချုပ် နေရာတွင် ဝန်ကြီးချုပ်သစ် တဦး ခန့်အပ်သွားနိုင်ဖွယ်ရှိသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။