မြန်မာနိုင်ငံ၏ GSM/WCDMA မိုဘိုင်းဖုန်းသုံးစွဲသူများနှင့် အခြားနိုင်ငံများ၏ မိုဘိုင်းဖုန်းသုံးစွဲသူများအတွက် International Roaming စနစ်ကို မြန်မာ့ဆက်သွယ်ရေးက ဝန်ဆောင်မှု ပေးနိုင်ရန် စီစဉ်နေပြီဖြစ်ရာ၊ မြန်မာမိုဘိုင်း တယ်လီဖုန်းသုံးစွဲ သူများအနေဖြင့် ဇူလိုင်လ ၂ ရက်နေ့ က စတင်ပြီး နိုင်ငံတကာ Roaming စနစ်ကို စက်မှုဆိုင်ရာ စမ်းသပ်ပြီးသော နိုင်ငံ ၃၁ နိုင်ငံတွင် အသုံးပြုနိုင်မည်ဟု မြန်မာ့ဆက်သွယ်ရေး က ကြေညာခဲ့သည်၊ သို့သော်သုံးပြု နိုင်သည့် နိုင်ငံစာရင်းကိုမူ အတိအကျထုတ်ပြန်ပေးခြင်းမရှိသေးပေ၊ ယခုအခါ အာဆီယံနိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၄၆ နိုင်ငံမှ မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်း လာရောက်သုံးစွဲနိုင်ပြီဖြစ်သည်ဟု သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။