ယူနီတီဂျာနယ်မှ သတင်းထောက်များကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ ချမှတ်ခဲ့ခြင်း၊ သမ္မတဦး သိန်းစိန် အား ဆန္ဒပြခဲ့သည် မီဒီယာသမားများကို ပုဒ်မ ၁၈ဖြင့် အမှုဖွင့်ခြင်းအပါအဝင် စာနယ်ဇင်းလွတ်လပ်ခွင့် လျော့ပါးလာခြင်းတို့နှင် ပတ်သက်၍ မန္တလေးမီဒီယာ အင်အားစုများက လာမည့် ဇူလိုင်လ ၂၀ ရက်နေ့တွင် မန္တလေးမြို့ ၆၂လမ်း မနော်ရမန် ဥယျာဉ် အားကစားကွင်း အနီးရှိ လူထုဟစ်တိုင်တွင် ဆန္ဒဖော်ထုတ် မည်ဟု သတင်းရသည်။ ယမန်နေ့ကလည်း ပြည်မြို့ခံ သတင်းသမားများက မီဒီယာလွတ်လပ်ခွင့်နှင့် ပတ်သက်၍ ဆန္ဒဖော်ထုတ်ခဲ့ကြသေးသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။