မူးယစ်ဆေးဝါး ပြုလုပ်ရာမှာ အသုံးပြုတဲ့ အီသိုင်းအီသာဆေးရည် ဂါလံပေါင်း ၉၀၅၅ ဂါလံ၊ ကာလတန်ဖိုး ကျပ် ၄၅၂၈.၀၄ သိန်းတန်ကြေးရှိ ဓာတုဆေးရည်တွေကို ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်ခရိုင်မှာ ဖမ်းဆီးရမိကြောင်း တာချီလိတ်မြို့နယ် မူးယစ် ဆေးဝါး ဖမ်းဆီးနှိမ်နင်းရေး အထူးရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ဒီလ ၃၀ ရက်နေ့က မိုင်းဆတ်မြို့နယ် မအို့ကျေးရွာရှိ ပြည့်စုံဝင်း သောက်ရေသန့်ထုတ်လုပ်တဲ့ ဂိုဒေါင်ကို ဝင်ရောက်ရှာဖွေရာမှာ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ဖမ်းဆီးရမိမှုနဲ့ ပတ်သက်ပြီး ဦးစုမ်မွန်း (ခ) စိုင်းစွန်ဝင်း အား တရားခံပြေးအဖြစ် မိုင်းတွမ်းနယ်မြေရဲစခန်းမှာ (ပ)၂/၂၀၁၄၊ မူး/စိတ်ပုဒ်မ ၁၆(ခ) အရအမှုဖွင့်အရေးယူထားကြောင်းလည်းသိရပါတယ်။ ဇူလိုင်လ ၁၄ ရက်က စတင်ပြီး တာချီလိတ်ခရိုင် အတွင်း မြို့နယ် မူးယစ်ဆေးဝါး ဖမ်းဆီးနှိမ်နင်းရေး အထူးရဲတပ်ဖွဲ့ အပါအဝင် မူးယစ်တပ်ဖွဲ့စု ၃၀ မှ ပူးပေါင်း တပ်ဖွဲ့ဝင်တွေ စုပေါင်းပြီး ပိတ်ဆို့ရှာဖွေရေး စီမံချက် ချမှတ်ဆောင်ရွက်ရာမှာ နှစ်ပတ်အတွင်း အမှုပေါင်း ၉ မှုဖော်ထုတ်နိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။