မြန်မာနိုင်ငံတွင် ရှိနေသည့် ပြဿနာအားလုံး ပြေလည်ခြင်း မရှိသေးသော်လည်း မြန်မာ့အပြောင်းအလဲသည် ထူးခြား ပြီး အလားအလာကောင်းများ တွေ့နေရကြောင်း၊ အရှေ့ တောင်အာရှဒေသသည် အမေရိကန်နိုင်ငံခြားရေး မူဝါဒ မဟာဗျူဟာ အရ အရေးကြီးကြောင်း၊ ၅ ရက်ကြာ မြန်မာခရီးစဉ် သွားရောက်ခဲ့ သည့် အမေရိကန် နိုင်ငံ ခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက အမေရိကန်နိုင်ငံ ဟိုနိုလူလူမြို့ East West Center၌ ထိုသို့ ထည့်သွင်း ပြောဆိုလိုက်ခြင်းဖြစ်ပြီး၊ မြန်မာ ခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်အပါအဝင် အစိုးရအကြီးအကဲများ၊ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနှင့်တခြားတာဝန်ရှိသူများ၊ လွှတ်တော်အမတ်တဦးဖြစ်သည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နှင့်လည်း လွတ်လပ်စွာ စကားပြောဆိုနိုင်ကြောင်းလည်း သူက ပြောဆိုသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။