ဒုတိယအကြိမ် မြန်မာ- ထိုင်း အဆင့်မြင့် စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများ အစည်းအဝေး (2nd Thailand–Myanmar High Level committee meeting )ကို ယမန်နေ့က မြန်မာနိုင်ငံတွင် လက်ခံကျင်းပရာ နှစ်နိုင်ငံတပ်မတော်များအကြား ကြည်း၊ ရေ၊ လေ စစ်ဘက်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ နယ်စပ်ရေးရာ ကိစ္စများကို ဆွေးနွေးကြပြီးထိုင်းကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး တနာဆတ် ပါတီမာ ပါရာဂွန်ကလည်း နယ်နိမိတ်တိုင်းတာရေးအတွက် ထိုင်းနိုင်ငံဘက်မှ ပြင်ဆင်မှုများ၊ ထိုင်းနိုင်ငံရှိ မြန်မာရွေ့ပြောင်းအလုပ်သမားများအား ထိုင်းနိုင်ငံသားများ နည်းတူ အကျိုးခံစားခွင့်ရရှိအောင် ဆောင်ရွက်နေ မှုများကို ပြောကြားကြောင်း ယနေ့ထုတ် အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။